Information
 
 
Main School

No.278, Theinbyu Road, Botataung Township, Yangon, Myanmar.
Phone: 294613, 299493, 09 73036613
Fax: 297998
Email: winjapan@baganmail.net.mm,
winedu@Myanmar.com.mm
Website : http://www.winjapan.com

ပိတ်ရက်မရှိ (9:00AM~5:00PM):
 
   
   
     
 
Win ဂျပန်စကားပြောသင်တန်း၏ ထူးခြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
 
၁။မြန်မာစကားကျွမ်းကျင်သောဂျပန်လူမျိုးဆရာကိုယ်တိုင်ကမြန်မာစကားကိုကျွမ်းကျင်ပိုင်နိုင်စွာနှင့်ကျောင်းသူ/သားများကို
သေချာစွာနားလည်သဘောပေါက်အောင်ရှင်းပြနေပါသည်။

၂။ဂျပန်ပြည်မှာဂျပန်စာကိုလေ့လာနေသောနိုင်ငံခြားသားအများစုကတစ်ခဲနက်အားကိုးအားထားပြုကြသောစာအုပ်များကို အသုံးပြု၍သင်ကြားပေးနေပါသည်။

၃။Video,Cassetteနှင့်ရုပ်ပုံကားချပ်စသောသင်ကြားမှုအထောက်အကူပြုပစ္စည်းများကိုအသုံးပြု၍သင်ကြားနေသောကြောင့် သင်ယူနေသည့်ကျောင်းသူ/သားများအတွက်အလွန်အဆင်ပြေပါသည်။

၎။ထူးချွန်သည့်ကျောင်းသူ/သားများကိုဂျပန်နိုင်ငံရှိတက္ကသိုလ်များ၊အသက်မွေးဝမ်းကျောင်းများ၊ဂျပန်ဘာသာသင်ကျောင်းများတွင်
ပညာဆက်လက်သင်ကြားခွင့်ရရှိရန်အတွက်စီစဉ်ပေးသည့်အပြင်မြန်မာနိုင်ငံတွင်ရှိသောဂျပန်ကုမ္ပဏီများတွင်လုပ်ကိုင်နိုင်ရန်ဆက်
သွယ်ပေးခြင်းများကိုပြုလုပ်ပေးနေပါသည်။

၅။ရန်ကုန်မြို့တွင်နေထိုင်နေသောဂျပန်လူငယ်များနှင့်ပေါင်း၍ပျော်ပွဲစား၊ပါတီများကိုကျင်းပ၍မြန်မာ+ဂျပန်ချစ်ကြည်ရေးတိုးမြှင့်ရန်
လှုပ်ရှားမှုများကိုလည်းပြုလုပ်နေပါသည်။

၆။တတ်မြောက်ထားသောဂျပန်ခရီးသည်များကိုမိတ်ဆက်ခြင်း၊ဂျပန်လူမျိုးများနှင့်စာပေးစာယူပြုလုပ်နိုင်ရန်မိတ်ဆွေများကိုလည်း
မိတ်ဆက်ပေးနေပါသည်။

၇။ဤကျောင်းတွင်ကျင်းပပြုလုပ်သောစာမေးပွဲသည်ဂျပန်နိုင်ငံပညာရေးဝန်ကြီးဌာနကကျင်းပပြုလုပ်သောဂျပန်စာကျွမ်းကျင်မှု
အရည်အချင်းစစ်စာမေးပွဲနှင့်ကိုက်ညီအောင်မေးခွန်းထုတ်ထားသောကြောင့်မိမိ၏စွမ်းရည်ကိုအဆင့်အားဖြင့်(Level-4,3,2,1)သိရှိ
နိုင်ပါသည်။
 
 



Basic Course
ဂျပန်စကားအခြေခံမရှိသူများအတွက်စီစဉ်ထားပါသည်။ဤသင်တန်းတွင်ဂျပန်စာ၏အခြေခံသဒ္ဒါနှင့်အခြေခံစကားပြောနည်းHiragana,
Katakanaနှင့်အခြေခံKanjiစာလုံးများကိုသင်ကြားပေးပြီးဂျပန်ဘာသာကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲLevel4ကိုဖြေဆိုအောင်မြင်
နိုင်သည့်အထိသင်ကြားပေးပါသည်။ဤသင်တန်းတွင်ဝေါဟာရစကားလုံး(၇၅၀)နှင့်Kanjiစာလုံး(၂၀)ကိုသင်ကြားပေးပါသည်။

Intermediate Course

ဂျပန်စကားအခြေခံရှိပြီးသူများ(ဂျပန်စကားကို၃-လကျော်သင်ထားသည့်သူများ၊အခြေခံသဒ္ဒါ၊Hiragana,Katakanaစာလုံးများကိုတတ်
မြောက်ထားသည့်သူများအတွက်သင့်တော်သည့်အတန်းဖြစ်ပါသည်။ဂျပန်ဘာသာကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲLevel-3ကို
ဖြေဆိုအောင်မြင်နိုင်သည်အထိသင်ကြားပေးပါသည်။ဤသင်တန်းတွင်Kanjiစာလုံး(၂၄၀)ကိုသင်ကြားနိုင်ပါသည်။

Pre-Advanced Course

ဂျပန်စကားIntermediateနှင့်Inter-conversationပြီးသူများအတွက်အထူးသင့်လျှော်သောသင်တန်းဖြစ်ပါသည်။ထိုသင်တန်းတွင်
ဂျပန်ဇာတ်လမ်းတွဲများ၊ဂျပန်နိုင်ငံ၏လူမှုဆက်ဆံရေးနှင့်ဓလေ့ထုံးတမ်းစဉ်လာများကိုအထူးဦးစားပေး၍သင်ကြားပေးသည့်သင်တန်းဖြစ်
ပါသည်။ထိုသင်တန်းပြီးပါကAdvanced Courseသို့ဆက်လက်သင်ယူနိုင်ပါသည်။